03 August 2013

SemiRestore Tool For IOS Device

Name : SemiRestore
version : 1.0.3
Size : 6.5 MB
Format : exe
O/S : Windows

ဒါလေးကတော့ SemiRestore Tool လေးပါ.. Semi Restore ဆိုတာ သင့်ရဲ့ iDevices (iPhone/Pad/Pod touch) ကို iOS firmware စသွင်းပြီးကာစ အခြေအနေသို့ရောက်အောင် Restore လုပ်ပေးမှာပဲဖြစ်ပါတယ်။ ဒီလို Firmware ကို အသစ်အတိုင်း restore ပြန်လုပ်ဖို့အတွက် iTunes ဆော့ဝဲကိုလုံးဝအသုံးပြုစရာမလိုဘဲ Semi Restore လို့ခေါ်တဲ့ Tool တစ်ခုနဲ့တင် မိမိ ရဲ့ iDevices ကို ဘာဆော့ဝဲမှမသွင်းရသေးတဲ့ Firmware အသစ်အတိုင်းဖြစ်အောင်ပြန်လုပ်ပေးမှာဖြစ်ပါတယ်။ Firmware ကို restore ပြန်လုပ်မှာဖြစ်တဲ့အတွက် iDevices ထဲက cydia tweaks တွေနဲ့ ဖုန်းတွင်ရှိ data တွေကတော့ အကုန်ပျက်ပါလိမ့်မယ်။ ဒါပေမယ့် iDevices ကို Jailbreak လုပ်ထားတဲ့အခြေအနေကို မပျက်ပြယ်အောင် ထိန်းသိမ်းပေးထားမှာဖြစ်ပါတယ်။ ဆိုလိုတာက iDevices ရဲ့ Firmware က အသစ်အတိုင်းဖြစ်သွားရင်တောင်မှ Jailbreak ကတော့ထပ်လုပ်စရာမလိုတော့ပါဘူး ။ Root လုပ်ထားတဲ့ Android OS ဖုန်းတွေကို Factory Reset ချလိုက်လို့ Firmware အသစ်အတိုင်းဖြစ်သွားရင်တောင်မှ Root (Super User) ကမပျောက်သွားတဲ့သဘောအတိုင်းပါပဲ။ ဒီလို Semi Restore လို့ခေါ်တဲ့ Tool ပေါ်လာတာဟာ iDevices မှာ Cydia Tweaks တွေကလိလွန်းလို့ Devices က error (eg- Safe Mode) များနေတဲ့သူတွေ ၊ Firmware အသစ်တင်ချင်ပေမယ့် Jailbreak ပျောက်သွားမှာစိုးလို့ ဒီအတိုင်းလေး ပေတေပြီးသုံးနေရတဲ့ iOS users တွေအတွက် သတင်းကောင်းတစ်ရပ်ပါပဲ။ firmware အသစ်တင်စရာမလိုဘဲ လက်ရှိ firmware ကို newly state (Unactivated Firmware State)သို့ရောက်အောင် ပြန်လည် restore လုပ်ပေးသွားမှာဖြစ်ပါတယ်။ လိုအပ်ရင်အောက်က လင့်တွေမှာယူနိုင်ပါတယ်..

Semi Restore ကို iOS 5.0 ကနေ iOS 6.1.2 firmware တင်ထားတဲ့ iDevices တွေအတွက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။



 http://semi-restore.com/ 
 
 

0 comments:

Post a Comment