26 August 2013

BootSong Changer (For Samsung)

Name : BootSong Changer
Version : -
Size : -
Format : Android Tutorials
O/S : Android 
   
      ဒီ Tutorial လေးကတော့ သိပြီးသားရှိသလို မသိတဲ့သူတွေလဲရှိကြပါတယ်...အခုတင်ပေးလိုက်ရ
တာက မသိသေးသူတွေအတွက်ပါ သိပြီးသားသူများ ဟိဟိ ကျော်သွားပေးကြပါနော်...
တကယ်တော့ ဒီ tutorial လေးက RootExplorer ကို အသုံးပြုတက်သူတွေအတွက်အရမ်းကိုလွယ်ကူပါ
တယ်ဗျာ...မသုံးတက်သေးလဲ စိတ်မပူပါနဲ့ဗျာ..လုပ်ကြည့်လိုက်ရင်တက်သွားမှာပါ....
ကဲစလိုက်ရအောင်ဗျာ..လိုအပ်တာတွေကတော့ မိမိဖုန်းမှာ Root ရှိရမယ်..ပြီးရင် RootExplorer apk 
လေးရှိရမယ်..မိမိအသုံးပြုချင်တဲ့ အသံဖိုင်လေးရှိရမယ်(10 စက္ကန့် ဒါမှမဟုတ် 9 စက္ကန့်စာလောက်ပေါ့)
ဒီအသံဖိုင်ကိုဘယ်လုပ်မလဲ မမေးနဲ့ ပြောဘူး :P လွယ်ပါတယ် ringtone maker လေးနဲ့ ကိုယ်လိုချင်တဲ့
အပိုင်းလေးကို ဖြတ်ယူထားလိုက်ပါ...ကဲအားလုံးပြည့်စုံပြီဆိုရင် tutorial လေးစမယ်ဗျာ...
Root Explorer APK လေးကိုဖွင့်လိုက်ပါဗျာ...etc လေးထဲဝင်လိုက်ပြီးအောက်ကိုဆင်း လိုက်ပါ
 အလယ်လောက်မှာ PowerOn.ogg ဆိုတဲ့ အသံဖိုင်လေးတွေ့ပါလိမ့်မယ်...(Samsung စက်တစ်လုံးနှင့် တစ်လုံး Rename မတူပါ ) (ဥပမာ- poweron.ogg / Poweron.wav) တို့ပါ...ကဲဆက်မယ်နော်
အဲဒီအသံဖိုင်လေးကို backup လုပ်မယ်...ရှင်းရှင်းပြောရရင် copy ယူတာပေါ့ ကိုယ့်ရဲ့ sd ကဒ်ထဲကို
copy ယူလိုက်ပါဗျာ...copy ယူနည်းမသိသေးသူများ...အသံဖိုင်ပေါ် ကိုခဏဖိထားလိုက်ပါဗျာ..
Options box လေးတက်လာပါမယ်..အဲဒီအထဲက နေ copy ပေါ့နော်...copy ယူပြီရင် Paste လုပ်မယ်
ကိုယ့်ဖုန်းထဲက sd ကဒ်ထဲကို ..ဘယ်လိုသွားမလဲ ရောက်တဲ့နေရကနေ back တစ်ချင်ပြန်ထွက်လိုက်ပါ၏
အောက်နားကိုသွားလိုက်ရင် sdcard ကိုတွေ့ပါလိမ့်မယ်..အဲထဲဝင်ပြီး paste ချလိုက်ပါဗျာ..
ကဲလိုရင်းကိုမရောက်တော့ဘူး မိမိစိတ်ကြိုက်လုပ်ထားတဲ့ အသံဖိုင်လေးကို Rename ပြောင်းပါမယ်..
ဘယ်လိုပြောင်းမလဲပါဘူး copy ယူလာတဲ့ အသံဖိုင်ရဲ့ Rename အတိုင်းပြောင်းလိုက်ပါ..(poweron.ogg)
အသံဖိုင်ကို RootExplorer ထဲမှာပဲပြောင်းလိုက်ပါနော်...ကဲအခုRename ပြောင်းထားတဲ့ အသံဖိုင်ကို
copy ယူလိုက်ပါ ပြီးရင် ect ထဲကိုပြန်သွားပြီး paste လုပ်လိုက်ပါ system is read-only လို့ပြောနေရင် ok ပေးပြီး အပေါ်ညာဘက်ထောင့်နားလေးမှာ mount r/wဖြစ်နေလို့ပါ တစ်ချက်clickပြီး mount r/oဖြစ်အောင်ပြောင်းပေးပါ ပြီးရင်ပြန်ပြီး paste လုပ်ပေးပါ overwrite မှာလားလို့မေးရင် yes ပေးပါ
ကဲ permissions ပြောင်းပါမယ်ဗျာ..မပြောင်ခဲ့ရင်တော့ ဖုန်းပါဝါအဖွင့်မှာ ဘာအသံမှ ထွက်လာမှာမ
ဟုတ်ပါဘူးဗျာ...ဘယ်လိုပြောင်းမလဲ (သိဘူး) အသံဖိုင်လေးပေါ်မှာ ဖိထားလိုက်ပါ Options လေးကျ
လာလိမ့်မယ် permissions ကိုရွေးပေးပါ..box လေးတစ်ခုထက်တက်လာလိမ့်မယ်..
Read စာတိုင်မှာ ဒေါင်လိုက် အမှန်ခြစ် 3ခုတပ်ပေးလိုက်ပါ..ပြီးရင် Write မှာ အပေါ်ဆုံးတစ်ခုကို
အမှန်ခြစ်တပ်ပေးပါ ပြီးရင် ok ပေါ့..အသံဖိုင်လေးရဲ့ ညာဘက်အောက်ခြေမှာ rw-r--r-- ဒီလိုလေး
ဖြစ်သွားရင် permissions ပြောင်းတာမှန်သွားပါပြီ..rootexplorer ထဲကနေအပြီးထွက်ပြီးဖုန်းကို restart ချလိုက်ပါတော့ဗျာ..ဖုန်းပါဝါပြန်ပွင့်လာရင် မိမိပြောင်းထားတဲ့ အသံလေးတဲ့ ဖုန်းစက်ပြန်ပွင့်လာပါလိမ့်
မယ်ဗျာ...ဘာအသံမှာထွက်မလာဘူးဆိုရင်တော့..တစ်နေရာရာမှာမှားလာလို့ပါ..အစအဆုံး ပြန်စစ်ကြည့်
လိုက်ပါအဆင်ပြေမှာပါဗျာ....rootexplorer လေးမရှိရင်အောက်မှာဒေါင်းလိုက်ပါ..
Huawei အတွက်ကိုနောက်ပို့စ်များမှာ ဆက်လက်တင်ပေးသွားပါမယ်ဗျာ...
ကျွန်တော် ရှင်းပြပေးတာကို နားမလည်ခဲ့ရင် myintmyatko1988@gmail.com ကို မေးပို့ မေးမြန်းနိုင်ပါတယ်...

မှတ်ချက်။      ။ Samsung S Plus မှာ အသံဖိုင်ဟာ.(.wav) ဖြစ်ပါတယ် (.ogg) မဟုတ်ပါ...
                    S3 မှာ..etc ထဲမှာမပါ...(system/media/audio/ui) ထဲမှာ အသံဖိုင်ပါ ပါတယ်ဗျာ..
                    ကျန်တဲ့ ဟာတွေကတော့ ect ထဲမှာ အသံဖိုင်ပါ ပါတယ်ဗျာ...


(Dropbox နှင့် MMZ (MyanmarMobileZone) တို့သည် Direct Link များဖြစ်ပါတယ်)
(နှိပ်လိုက်တာနှင့် Download တန်းကျလာပါလိမ့်မယ်)
မြင့်မြတ်ကို

1 comments:

  1. ကျေးဇူးအများကြီးတင်ပါတယ် ကလိတာဝါသနာပါတဲ့ကျွန်တော်ကတော့ချက်ချင်းလုပ်ကြည့်လိုက်တယ်
    OK ပါပဲ Power ဖွင့်လိုက်ရင်တက်လာတဲ့ Logo လေးကိုရောအဲဒီလိုပြောင်းလို့ရမလား
    ရတယ်ဆိုရင်ပြောပြပါဦးနော်
    အမြဲတမ်းအားပေးနေပါတယ် အောင်မြင်ပါစေ

    ReplyDelete