"iTunes Store" "Amazon online store " တို့ က ရောင်းနေတဲ့ နှစ်သက်ရာ "Paid Apps" လေးများပင် မက Music, Movies, Books တို့ ကို Jailbreak လုပ်စရာမလိုပဲ တရားဝင် "FREE" ရယူနိုင်မယ့် နည်းလမ်းလေးကို တင်ပြပေးလိုက်ပါတယ်..
100 % FREE ရဖို့  အချိန်တော့ နည်းနည်းပေး ရမှာပါ..
"iTunes Store" မှာ ရောင်းနေတဲ့ "Paid Apps" ကို "FREE" ရဖို့  ဆိုတာ မဖြစ်နိုင်ပါဘူး၊ ဝယ်တာကတော့ ဝယ်ယူမှ ရပါလိမ့်မယ်၊ ဝယ်ယူနိုင်ဖို့  အတွက် လိုအပ်တဲ့ "iTune" "Amazon" Gift Card တို့ ကို "FREE" ရအောင် လုပ်ယူတဲ့ နည်းလမ်းလေး ဖြစ်ပါတယ်။
အဲဒီအတွက်တော့ အချိန်လေး နည်းနည်းတော့ ပေးရပါလိမ့်မယ်၊ မိမိ အချိန်ပေးတဲ့ အပေါ်မူတည်ပြီး "iTunes Gift Card" $10 ကနေ $50 "Amazon Gift Card" $1 ကနေ $25 အထိ Free ရနိုင်ပါလိမ့်မယ်။ မိမိရလာတဲ့ "Gift Card" နဲ့  "iTunes" "Amazon" တို့ မှာ နှစ်သက်ရာ ဝယ်ယူနိုင်ကြမှာပါ..
"US" "iTunes Store" အတွက်သာ ဖြစ်သောကြောင့် ဖြစ်ပါသည်။ US store မှ iTunes Account တစ်ခု တစ်ခုရှိဖို့တော့လိုအပ်ပါတယ်....
အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်ရမှာပါ..
အဆင့် (၁)
ပထမဦးဆုံး iDevice ၏ Safari ထဲတွင် "http://www.freemyapps.com/" ဟု ရိုက်ရှာလိုက်ပါ။
အဆင့် (၂)
အောက်ဖော်ပြပါ ပုံများအတိုင်း တွေ့ ရပါမည် အဆင့်ဆင့် လုပ်ဆောင်သွားပါ...
အဆင့်(၃)
သူ၏ Profile ကို Install လုပ်ပေးလိုက်ပါ။
အဆင့် (၄)
Safari ကိုပြန်သွားပြီး Bookmark တွင် "Add to Home Screen" ကို ရွေးပေးလိုက်ပါ။
Home screen ရှိ "Free My Apps" ကို ဖွင့်ပါ။ "Sponsers" tab တွင် App အချို့ ကို တွေ့ ရပြီး ဘေးဖက်တွင် ရရှိနိုင်မည့် "Credits" ပမာဏကို ဖော်ပြပေးထားပါသည်။
လက်ရှိတွင် သင်၏ Credits မှာ "0" ဖြစ်နေပါမည်...
နှစ်သက်ရာ App ကို Install လုပ်၍ အချိန် စက္ကန့်  ၃၀ လောက် အဲဒီ App ကို ကစားကြည့်၊ သုံးကြည့်ပါ။
ထို့ နောက် "Free My Apps" ကို ပြန်လည် ဖွင့်ကြည့် စစ်ဆေးပါ၊ သင်၏ Credits တွင် မည်မျှ ဖြစ်လာပြီ ဆိုသည်ကို...
အဆင့်( ၆)
"Free My Apps" ရှိ "Gifts" tab တွင် "iTunes" "Amazon" Gift Card ရရှိရန် သင့်တွင် Credits မည်မျှ လိုအပ်သည်ကို သွားရောက် စစ်ဆေးနိုင်ပါသည်...
တစ်ရက်မှာ အချိန် မိနစ် နှစ်ဆယ်လောက် ပေးရုံမျှနှင့် "iTunes Gift Card" တွေ ကို ပိုင်ဆိုင်ရရှိနိုင်မှာ ဖြစ်ပါတယ်...
**အထူးမှတ်ချက်**
Install လုပ်ခဲ့သော App ကို ပြန်လည် ဖျက်ပစ်ပေမယ့် သင့် Credits တွေ ပျောက်သွားမည် မဟုတ်ပါ။
credit -
မိုးသိကြား

0 comments:
Post a Comment